Monday, May 18, 2015

ချမ်းမြေ့စေတနာ...Death Note (1+2) မြန်မာစာတန်းထိုး ( Special Package )




anime series ကနေ live action ရိုက်ကူးခဲ့တဲ့ death note ဟာ လူကြိုက်များတဲ့ဇာတ်ကားတစ်ကား
ဖြစ်ခဲ့ပါတယ်..ဇာတ်လမ်း 1+2 သာ အဆက်နဲ့ရိုက်ထားတာဖြစ်ပြီး 3 ကတော့ သက်သက်ဇာတ်လမ်း
ခွဲထွက်သွားသလိုကောင်းလည်းမကောင်းတော့တဲ့အတွက် နှစ်ကားဘဲတင်လိုက်ပါတယ်.ဇာတ်လမ်း
အကျဉ်းကတော့ ဥပဒေကျောင်းသားတစ်ဦးဖြစ်တဲ့ လိုက်ယာဂမိ ဥပဒေရဲ့ အပြင်ပမှာလွတ်မြောက်
နေတဲ့လူဆိုးတွေရဲ့အနိုင်ကျင့်မှုကို မခံမရပ်နိုင်ဖြစ်နေခဲ့ပါတယ်..တစ်နေ့မှာမထင်မှတ်ပဲသေစာရင်း
မှတ်စုတစ်ခုကိုတွေ့ရှိပြီးတဲ့နောက်မှာ သူ့ဘ၀လဲလုံးဝပြောင်းလဲသွားပါတော့တယ်....အစပိုင်းမှာတော့
ဒုစရိုက်သမားတွေကိုပစ်မှတ်ထားရာကနေ..နောက်ပိုင်းမှာသူ့နောက်ကိုလိုက်လာတဲ့စုံစမ်းစစ်ဆေးရေး
အဖွဲ့နဲ့ ပညာပြိုင်ရာကနေ..ရက်စက်တဲ့သွေးအေးတဲ့သူတစ်ယောက်ဖြစ်သွားပါတော့တယ်..အကြံ
ကြီးပြီး သူလွတ်မြောက်ဖို့အတွက်ဆိုရင် ဘာကိုစတေးရစတေးရ ဂရုမစိုက်တတ်တဲ့ လိုက်ယာဂမိ
နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အယ် တို့ရဲ့ပညာပြိုင်ခန်းတွေကို  တွေ့မြင်ရမှာဖြစ်ပါတယ်.

Download Death Note 1 (Pcloud Link)

Download Death Note 2 (Pcloud Link)

ချမ်းမြေ့စေတနာ....Man of Steel (မြန်မာစာတန်းထိုး)








Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီး

June 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇတ်ကား

အသစ်ဖြစ်ပါတယ်...

Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်း

ထူးဆန်းတဲ့ မိုးကောင်းကင်ကနေ

ကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားက

မွေးစားလိုက်တဲ့ ဇတ်လမ်းပါပဲ ဒါပေမယ့် ထူးခြားနေပါတယ်....

Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်း

နဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကို

တွဲမြင်ရမှာဖြစ်ပါတယ် ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့

Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့

ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့

ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်....

အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့

ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ်

ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်း

မဟုတ်ခဲ့ပါဘူး လူတိုင်းရဲ့ အထူးအဆန်းအဖြစ် ကြည့်ရှုမြင်နေမှု

ကိုရရှိခဲ့ရတာပါ...

ဒီလိုနဲ့ တစ်ရက် ကျောင်းကား မတော်တဆ ဖြစ်ပြီး ရေနစ်တဲ့အချိန်မှာ

Super Man က ရေထဲကနေ ကားကို ကုန်းပေါ်ပြန်တွန်းတင်ခဲ့ပါတယ်..

ဒါကို မြင်လိုက်တဲ့ ကျောင်းသား အချို့က ပြန်ပြောပြတော့ မွေးစားဖခင်က

Super Man ကို ခေါ်ပြီး ဘယ်သူ သေသေ ဒုက္ခရောက်ရောက်

အစွမ်းကို ဘယ်တော့မှ ထုတ်မပြပါနဲ့လို့ ကတိတောင်းခဲ့တယ်...

ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ ကို ဖြတ်သန်းလာပြီးနောက်

လူပျိုပေါက်အရွယ်မှာပဲ မွေးစား အဖေ အမေ နဲ့ အတူ ခရီးထွက်လာရင်း

လမ်းတ၀က်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတော့တယ်...

လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့

အချိန်မှာပဲ ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့ ဖခင်ဖြစ်သူက သွားကယ်တဲ့

အချိန်မှာပဲ ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီ

နေရာကို ၀င်လာခဲ့ပါတော့တယ် အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကို

ကယ်ဖို့ ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်

ခါပြခဲ့တယ် မလာနဲ့ သား မင်းကတိကို မင်းတည်ပါ ဆိုတဲ့ အဓိပ္ပါယ်

တစ်ခု သက်ရောက်နေခဲ့မှာပါ....

ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသား

တွေလဲ Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ် ရောက်လာတဲ့အချိန်

မှာတော့.... ဇတ်လမ်းက ပိုကြည့်လို့ကောင်းသွားပါပြီ
ဆက်ပြောချင်ပေမယ့် အညွှန်းက ရှည်နေမှာဆိုးလို့

ဘရိတ်ပါပြီ ကျနော် အကြိုက်ဆုံး Super Man ဇတ်ကားတစ်ခုပါလို့

ညွှန်းဆိုပါရစေဗျာ...

Man Of Steel Movie Download Link>>>>http://adf.ly/1HMkky

(သစ်ဆန်းခန့်)

ချမ်းမြေ့စေတနာ...Ghost Rider (1+2) မြန်မာစာတန်းထိုး (Ghost Rider (2007) မြန်မာစာတန်းထိုး)


Snapshots
Ghost Rider ဇာတ်ကားတွေကတော့ မင်းသားကြီး Nicolas Cage ရဲ့နာမည်ကျော်ဇာတ်ကားတွေဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ မင်းသမီးချော Eva Mendes ပါဝင်ထားပြီး နီကိုလပ်ကေ့က ဆိုင်ကယ်စတန့်သမား
မကောင်းဆိုးဝါးပုံစံ မိမိရရ သရုပ်ဆောင်ထားပါတယ်။
Action, Fantasy, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး  IMDb Rating (5.2/10) ရရှိထားပါတယ်။
မြန်မာစာတန်းထိုးကိုတော့ ညီလေး ကသာသားလေး မှရေးသားပေးခဲ့တာပါ။
 
File size...800MB   
Quality....Blu-ray Rip 720p
Format...mp4
Duration....02:03:0
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win
Download and Watch 720p HD (pCloud Link)
 

Ghost Rider:Spirit of Vengeance(2012) မြန်မာစာတန်းထိုး
Snapshots 

ပထမဇာတ်ကားကို ကျောရိုးယူပြီး ဒီဇာတ်ကားကို ရိုက်ကူးထားတာပါ။
Action, Fantasy, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ နီကိုလပ်ကေ့ပရိတ်သတ်တွေ
လက်လွတ်မခံသင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။
IMDb Rating (4.3/10) ရရှိထားပါတယ်။
မြန်မာစာတန်းထိုးကိုတော့ ညီလေး ကသာသားလေး မှရေးသားပေးခဲ့တာပါ။
 
File size...800MB   
Quality....Blu-ray Rip 720p
Format...mp4
Duration....01:36:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

Download and Watch 720p HD (pCloud Link)  
 
 
Admin Team: Channel Myanmar 

ချမ်းမြေ့စေတနာ... Jupiter Ascending (2015) မြန်မာစာတန်းထိုး


Snapshots

လူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။ Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ သူမဟာ ဂြိုလ်တစ်လုံးကနေတစ်လုံးကူးပြောင်းနေတဲ့ စစ်သည်တော် Caine နဲ့တွေ့ပါတယ်။ Caine ဟာ Jupiter ကိုလုပ်ကြံသတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ စကြဝဠာရဲ့ဘုရင်က လွှတ်လိုက်တဲ့သူဖြစ်ပါတယ်။ Jupiter ကိုမွေးဖွားခဲ့တဲ့ညက နက္ခတ်တာရာတွေဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခုကိုဟောကိန်းထုတ်နေခဲ့ပြီး သူမရဲ့ DNA က သူမကိုစကြာဝဠာရဲ့ နောက်ခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ပေးနိုင်ကြောင်း Caine က Jupiter ကိုပြောပါတယ်။
Jupiter Ascending ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Trend Myanmar မှကူးယူဖော်ပြပါသည်။)

File size...800MB   
Quality...Blu-ray Rip 720p
Format...mp4
Duration....02:07:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD